When you face challenges – Mrs. Poht Poht Kyi
တစ်ခါတစ်လေ ဘဝက အနိမ့်အမြင့် အတက်အကျများတယ် ဘဝရဲ့သင်ခန်းစာဖတ်စာအုပ်ပေါ့ တစ်ချို့အခန်းတွေက ပျော်စရာကောင်းသလိုတစ်ချို့အခန်းတွေက ဝမ်းနည်းစရာနဲ့ခက်ခဲတယ် ဘဝမှာ အခက်အခဲတွေ့တိုင်းလည်း စိတ်ညစ်ပြီး ငိုနေလို့မပြီးသလို အောင်မြင်နေတိုင်းလည်း ပျော်ရွှင်ပြီး ကြည်နူး မာန်တက်နေလို့မပြီးဘူးဆိုတာနားလည်လာတယ် အခက်အခဲတွေတွေ့လည်း ဘဝကပေးတဲ့သင်ခန်းစာလို့သတ်မှတ်ပြီး သင်ယူမယ် ပျော်ရွှင်မှုနဲ့ အောင်မြင်မှုရတဲ့အချိန်ကျရင်လဲ ဘဝက အခကိအခဲတွေကို သင်ယူလို့ ပြန်ပေးတဲ့လက်ဆောင်လို့သတ်မှတ်ပြီး ပျော်ရွှင်မယ် ကြည်နူးမယ် ဝေမျှမယ် ဒီလိုနဲ့ ဘဝရဲ့ သင်ခန်းစာတော်တော်များများကို ဖတ်ပြီးတဲ့အချိန်မှာ ရင့်ကျက်မှုဆိုတဲ့ဘွဲ့တစ်ခုရလာမှာပါ။ အဓိကကတော့ အခုရရှိထားတဲ့ ဒီနေ့မှာ တည်ငြိမ်ပျော်ရွှင်ငြိမ်းချမ်းစွာဖြတ်သန်းနိုင်ဖို့ဘဲလေ ဘာရယ်မဟုတ်ပါဘူး ။အတွေးတစ်ခုပါ ဘာတွေဘဲဖြစ်ဖြစ် အမြဲတမ်းပြုံးထားပါလို့နော် ဘဝရဲ့သင်ခန်းစာတွေအတွက်ပေါ့ ချစ်တဲ့ မပို့ ❤️