Smile is all you need – Mrs. Poht Poht Kyi
လောကဓံကြားမှာ အမြဲပြုံးထားမယ်.... လောကကြီးရဲ့ လောကဓံက နိမ့်လိုက်မြင့်လိုက် ပျော်လိုက် ဝမ်းနည်းလိုက် အနိမ့်ဆိုတာလဲ အကြာကြီး မခံသလို အမြင့်ဆိုတာလဲ အကြာကြီးမခံပါဘူး ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလဲရှိတယ် ချစ်တဲ့သူရှိသလို မုန်းတဲ့သူလဲရှိတယ် လိုတဲ့သူရှိသလို မလိုတဲ့သူလဲရှိတယ်။ အောင်မြင်တဲ့အချိန်တွေရှိသလို ရှုံးနိမ့်တဲ့အချိန်တွေလဲရှိတယ် ဒါလောကသဘာဝပေါ့ မငြိမ်သက်တဲ့ ထိန်းချုပ်ရခက်တဲ့လောကဓံရဲ့လှိုင်းလုံးတွေကြားမှာ ထိန်းချုပ်လို့ရတဲ့ ရင်ဘတ်ကမေတ္တာတရားတွေကိုပဲ အပြုံးလေးနဲ့ထိန်းသိမ်းထားတော့မယ်။ လောကဓံရဲ့ရိုက်ခတ်မှုတွေကြားမှာ ကျွန်မမြတ်နိုးတဲ့ မေတ္တာတရားရဲ့ အပြုံးလေးတွေပါသွားမှာစိုးလို့ အရာရာအပြုံးလေးနဲ့ပဲကြည့်တက်အောင်သင်ထားတယ် အမြဲ ပြုံးထားမယ် လောကဓံရဲ့ လှိုင်းလုံးတွေကြားမှာ ကျွန်မမြတ်နိုးတဲ့မေတ္တာတရားတွေပါသွားမှာစိုးလို့ပါ ချစ်တဲ့ မပို့ ❤️